About us

နောက်ခံသမိုင်းအကျဉ်း

၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တက္ကသိုလ် ကောလိပ်များကို စနစ်သစ်ဖြင့် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်များကို စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် တက္ကသိုလ် များအုပ်ချုပ်ရေးရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေး စနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ တက္ကသိုလ်များအုပ်ချုပ်ရေးရုံးကို အထက်တန်းပညာရေးဦးစီး ဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၁၉၈၃ခုနှစ်၊ အောက်တိုဘာလတွင် ၁၉၈၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ်-၄ (၁၉၇၃ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ) အရ အထက်တန်းပညာဦးစီးဌာနကို အဆင့်မြင့်ပညာဦးစီးဌာနအဖြစ် ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါသည်။

၁-၄-၁၉၉၈ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနကို အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)နှင့် အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ဟူ၍ ဦးစီးဌာန (၂)ခုအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁-၄-၂၀၁၅ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)နှင့် အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)တို့ကို ပြန်လည် ပေါင်းစည်းပြီး အဆင့်မြင့်ပညာဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ ပါသည်။

ရည်ရွယ်ချက်

ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ထောင်ရန် အတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် ဘွဲ့ရ လူ့စွမ်းအားအရင်းအမြစ်များကို အဆင့်မြင့် ပညာကဏ္ဍမှ မွေးထုတ်ပေးရန် ဖြစ်ပါသည်။

ရည်မှန်းချက် 

အဆင့်မြင့်ပညာဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံ သည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့် ပေးရန်၊
() ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများ ဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေး အတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊
() ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင် နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်၊
() ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊
() နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးရန် နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေး မြင့်မားလာစေရန်၊
() ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန် ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေး ပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်၊
() အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်း များကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်၊

လုပ်ငန်းတာဝန်များ

အဆင့်မြင့်ပညာဦးစီးဌာနသည် နိုင်ငံတော်အတွက် အတတ်ပညာရှင်များနှင့် အသိပညာရှင် များ ဖြစ်ထွန်းလာအောင် လေ့ကျင့်သင်ကြားပေးပြီး ဘွဲ့များ၊ ဒီပလိုမာများနှင့် အခြားပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် ပတ်သက် သည့် သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ နိုင်ငံခြားသို့ စေလွှတ်ရေး၊ ဘဏ္ဍာရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ တက္ကသိုလ်အကျိုးပြု သုတေသန လုပ်ငန်းများကို ဆောင်ရွက်စေခြင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဟူသော ဦးတည်ချက်ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ မူဝါဒရေးရာကိစ္စများကို သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

 ဖွဲ့စည်းပုံ

ညွှန်ကြားရေးမှူးချုပ်

ဒေါက်တာသိန်းဝင်း

တည်နေရာ

ရုံးအမှတ်(၁၃)၊ နေပြည်တော်